အမြို့မြို့အနယ်နယ်သတင်းများ

Sep 12,2023
မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းနေအရွယ်ကလေးများ အားလပ်သည့်အချိန်တွင် စာကြည့်တိုက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်‌ရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးနှင့် စဥ်းစားတွေးခေါ်မှုမြှင့်မားစေရေးအတွက် လူငယ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသခြင်းနှင့် သုတရသစာအုပ်များပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
Sep 12,2023
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနက ကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
Sep 12,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကျေးရွာများတွင် စိုက်ပျိုးသည့် ကြက်ဟင်းခါးသီးများ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကောင်းသောကြောင့် စိုက်ပျိုးသည့်တောင်သူများ ဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း ပေါက်ပင်သာကျေးရွာ၊ ကြက်ဟင်းခါး သီးနှံစိုက်ပျိုးတောင်သူထံမှ သိရသည်။
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပိုက်ဆံ‌လျော် (သစ်စိမ်းမြေဩဇာ) မျိုးစေ့ ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၂နာရီအချိန်ခန့်က ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာ၊ စိုက်ပျိုးရေးနည်းပညာပေး Centre ရှေ့‌ ‌(၁) ဧကရှိ မြေလွတ်မြကွက်တွင်ကျင်းပပြုလုပ်ခဲ့သည်။
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် အသက် (၅) နှစ်မှ (၁၂) နှစ်ထိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွာသစ်ရပ်ကွက်၊ (အ.မ.က) အင်းလပ်အရှေ့ ကျောင်းဆေးထိုးစုရပ်တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Sep 12,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းတွင် အခွန်တံဆိပ် ကပ်နှိပ်ထားခြင်းမရှိသော ပြည်ပမှတရားမဝင် ဝင်ရောက်လာသည့် ဘီယာများ သယ်ယူရောင်းချနေမှု ရှိ/မရှိကို စက်တင်ဘာ (၁၁) ရက်နေ့ ညနေ (၃) နာရီ အချိန်၌ ဘိုကလေးမြို့ပေါ်ရှိ အရက်၊ ဘီယာ လက်ကားရောင်းချနေသာ (FL-12) ဆိုင် (၁၃) ဆိုင်အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။