ညောင်တုန်းမြို့၌ Fitness Dance (အခြေခံ) သင်တန်းဖွင့်လှစ်

ညောင်တုန်း မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ Fitness Dance(အခြေခံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က ကျောင်းသား/ကျောင်းသူလေးများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတက်စေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးအရာရှိ ဒေါ်စုစုခင်က Fitness Dance သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ Fitness Dance အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား၍ သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့သည်။

အဆိုပါ Fitness Dance (အ‌ခြေခံ)သင်တန်းကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စုစုခင်ဦးဆောင်၍ သင်တန်းနည်းပြများက သင်တန်းသား/သူများအား လက်တွေ့သရုပ်ပြ သင်ကြား‌ပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်ဆက်)