ရွှေပြည်သာမြို့နယ်၌ ၂၀၂၄ခုနှစ် တက္ကသိုလ်စာမေးပွဲ စာစစ်ဌာန(၂)ခုတွင် (အင်္ဂလိပ်စာ) ဘာသာ ကျောင်းသား/သူများ ဖြေဆို

ရွှေပြည်သာ မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ရွှေပြည်သာမြို့နယ်၌၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာကို ဌာန(၂)ခု၌ ကျင်းပလျက်ရှိရာ အမှတ်(၁) အခြေခံပညာအထက်အထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား/သူစာရင်းရှိ (၄၅၃) ဖြေဆိုသူဦးရေ (၄၁၃)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်(၄၀)ဦး ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၁၆%) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် စာရင်းရှိ (၃၇၂)ဦး ဖြေဆို (၃၆၂)ဦး ဝင်ရောက်ဖြေဆိုပြီး ပျက်ကွက်(၁၀)ဦး ဖြေဆိုမှု ရာခိုင်နှုန်း (၉၇.၃၁%) ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရွှေပြည်သာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၃.၈၁%) ရာခိုင်နှုန်းရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လူမှုရေးအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေမျိုးထွန်း(ပြန်/ဆက်)