ကျောင်းကုန်းမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ကျောင်းကုန်း ဧပြီ ၈

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်ဆွေးနွေးပွဲကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အေးချမ်းသာယာခန်းမ၌ ယနေ့ နံနက် ၉ နာရီ ၃၀ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ် ဗဟိုမဏ္ဍပ်၌ မြို့ပေါ် (၅)ရပ်ကွက်မှ (၅)ယိမ်းနှင့် ပညာရေးဌာနမှ (၁)ယိမ်း၊ စုစုပေါင်း(၆)ယိမ်း၊ အဆိုတော်များမှ တေးသီချင်းများဖြင့် သီဆိုကပြကြမည်ဖြစ်ပြီး စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်သည်။ ထို့ပြင်နှစ်ဆန်း(၁)ရက်နေ့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲများ၊ အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)