ပိုင်ကျုံ ဧပြီ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း၌ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားနိုင်သည့် ပြည်သူများ၏ လူမှုဘဝမြင့်မားလာစေရန် ရည်ရွယ်၍ မြို့နယ်အဆင့် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းများကို ဧပြီလ ၆ ရက်နေ့က စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာသင်ဝိုင်းများကို မြို့နယ်ပညာရေးမှူး၏ကြီးကြပ်မှုဖြင့် စာသင်ဝိုင်း (၁)ဝိုင်းလျှင် သင်ကြားရေးဆရာ/မ (၁)ဦးစီဖြင့် သင်ကြားဆောင်ရွက်ခဲ့ပြီး စာတတ်မြောက်ရေး လာရောက်သင်ကြားသူများအား တစ်ဦးလျှင် ဗလာစာအုပ်၊ ခဲတံနှင့် ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ ပတကျေးရွာအုပ်စု၌ စာသင်ဝိုင်း(၂)ဝိုင်းတွင် သင်ကြားရေးဆရာ/မ(၂)ဦးဖြင့် ဧပြီ ၆ ရက် မှ မေလ ၁၅ ရက်နေ့အထိ (၁၀)ရပ်ကြာ ဖွင့်လှစ် ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)