လှည်းကူးမြို့နယ်၌ ၂၀၂၅ နှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

လှည်းကူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးမြို့နယ်၊ သခွတ်ပင်ကျေးရွာ ကုန်ထုတ်လမ်း၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးပြည့်ဖြိုးကျော်နှင့်ဝန်ထမ်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်အောင်သန်း၊ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာစိုးနှင့်ဝန်ထမ်းများ သခွတ်ပင်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ကြပြီး အမြင့် ၂ ပေ နှင့်အထက်ရှိ မဟော်ဂနီ (၁၀၀၀)ပင်၊ မန်ဂျန်ရှား (၁၀၀၀)ပင်၊ စုစုပေါင်း သစ်မျိုး(၂)မျိူး၊ ပျိုးပင်ပေါင်း (၂၀၀၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (လှည်းကူး)