ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစိမ်းလန်း စိုပြည်ရေးနှင့် စိုက်ခင်းအမျိုးအမျိုးအတွက် မြို့နယ်အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတွင် မဲဇလီ၊ ဒဟတ်၊ ဖျောက်ဆိပ်၊ သင်္ဘောကုက္ကို၊ ယူကလစ်၊ တမာစသည့် ပျိုးပင်မျိုးစုံ (၆၄၇၆၃) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
အပူပိုင်းစိမ်းလန်းစိုပြေရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန်မျှတစေရန်အတွက် ကျေးရွာသုံးထင်းစိုက်ခင်း (၂၅) ဧကအတွက် ယူကလစ်ပျိုးပင် (၄၄၅၅) ပင်၊ မယ်ဇလီပျိုးပင် (၃၇၄၁) ပင်၊ သင်္ဘောကုက္ကိုပျိုးပင် (၈၆၇၉) ပင်၊ တောင်တန်းစိုက်ခင်းဧက (၂၀) အတွက် တမာပျိုးပင် (၂၅၂၅) ပင်၊ ဖျောက်ဆိတ်ပျိုးပင် (၂၅၅၀) ပင်၊ သင်္ဘောကုက္ကိုပျိုးပင် (၅၀၀၀) ပင် တစ်အုပ်တစ်မစိုက်ခင်းနှင့် အခြားစိုက်ခင်းအတွက် မဲဇလီပျိုးပင် (၆၉၈၃) ပင်၊ ဒဟတ်ပျိုးပင် (၄၂၀၄) ပင်၊ဖျောက်ဆိတ်ပျိုးပင် (၁၁၈၁၃) ပင်၊ သင်္ဘောကုက္ကိုပျိုးပင် (၁၄၈၁၃) ပင် စုစုပေါင်း (၆၄၇၆၃) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် ဒေသအတွင်းစိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုမျှတစေရန်အတွက် နှစ်စဉ်ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိပြီး လူထုဖြန့်ပျိုးပင်များအား ပြည်သူများ လိုအပ်သည့်နေရာတွင် စိုက်ပျိုးရန်အတွက် အခမဲ့ဖြန့်ဝေလျက်ရှိကြောင်းနှင့် သစ်တောပြုန်းတီမှုမရှိစေရေး၊ ဘက်စုံသုံးစိုက်ခင်း၊ ကျေးရွာသုံးစိုက်ခင်း၊ အခြားစိုက်ခင်း၊ တောင်တန်းစိုက်ခင်း၊ တစ်အုပ်တစ်မစိုက်ခင်းများအား နှစ်စဉ် ဖြည့်ဆည်းစိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)