သင်္ဃန်းကျွန်း ဇွန် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀ နာရီက ခရိုင်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် ( ၇/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ပြီဖြစ်၍ ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်သာယာလှပစေရေး ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ပေးရေး၊ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေး ပူးပေါင်းပေးရေး၊ ကျောင်းမုန့်ဈေးတန်းများတွင် ဝမ်းနူးစာများ ရောင်းချမှု မရှိစေရေး ဂရုစိုက်ရန်၊ မိုးရာသီ၌ မိမိရပ်ကွက်အတွင်း စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ကြရန် သို့မှသာ ရေစီးရေလာ ကောင်းမွန်မည်ဖြစ်ကြောင်း၊ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေးကို ကျောင်းအကျိုးတော်ဆောင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များက ကြီးကြပ်ဆောင်ရွက်ပေးကြပါရန်နှင့် ကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးက မိမိတို့ ပတ်ဝန်းကျင်ရှိ ပြည်သူများအား အွန်လိုင်းလောင်းကစားတို့တွင် ပါဝင်ပါတ်သက်မှုမရှိစေရေး အသိပေး ဆောင်ရွက်ပေးကြပါရန် ဆွေးနွေးခဲ့ကြပြီး ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကလည်း မိမိတို့ဌာန၌ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြရာ သင်္ဃန်းကျွန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးလွင်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)