အမြို့မြို့အနယ်နယ်သတင်းများ

Jun 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်ကာ မြို့ကျေးလက် ကျန်းမာရေးဦးစီးဌာနမှ မြို့အတွင်းရှိ ​ဌာနဆိုင်ရာရုံးများ၌ အဘိတ် (Abate) ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 18,2024
"ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့'' ဆောင်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်း အရာ သန်းခေါင်စာရင်း လူထုအသိပညာပေး လှုံ့ဆော်ရေး Bill Board စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က သရက်ချောင်းမြို့၊ မြို့မရပ်ကွက်၊ မြို့နယ်စည်ပင်သာယာဈေးအရှေ့ မြိတ်-ထားဝယ် ကားလမ်းမကြီးပေါ်တွင် ကျင်းပသည်။
Jun 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန "သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉:၀၀)နာရီအချိန်က နယ်စပ်ဒေသတိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)၌ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
Jun 18,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် စာပေဖတ်ရှုသူ အချင်းချင်း ရင်းနှီးမှုရှိစေရန်၊ စာပေဖတ်ရှုခြင်းမှတဆင့် လူငယ်လူရွယ်များ အသိပညာ ဖလှယ်နိုင်စေရန်၊ စာပေ ဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများ ရရှိစေရန် ၊ အသိပညာ ဗဟုသုတ တိုးပွားရရှိစေရန် ရည်ရွယ်၍ စာရေးဆရာလယ်တွင်းသား စောချစ်၏ “ပန်းလိုချင် အပင်ကိုပျိုးတတ်မှ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်သည်။
Jun 18,2024
၂၀၂၄ ခုနှစ်၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဖလား (၄) မြို့နယ် အသက် (၂၃) နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ငပုတောမြို့၊ ပမ္မဝတီအားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရည်မွန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။
Jun 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး လူထုအသိပညာပေး ဆိုင်းဘုတ် စိုက်ထူပွဲကို  ယနေ့နံနက် ၉ နာရီအချိန်က မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထိပ်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကျောက်တံတားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ ဦးမြင့်စိန်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ  ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွဋ်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွေးလှိုူင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးမြင့်နိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်ကျော်သိန်းနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းလှိုင်၊ ဌာနဆိုင်ရာများ ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြသည်။
Jun 18,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အောက်ပိုင်းဘောလုံးကွင်းအနီး၊ တတိယလမ်းမပေါ်၌ ၂၀၂၄ ခုနှစ် လူဦး‌ရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးဆိုင်းဘုတ်အား ယနေ့နံနက်(၈)နာရီအချိန်တွင် စိုက်ထူ၍ ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနား ကျင်းပဆောင်ရွက်သည်။
Jun 18,2024
ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရန်အတွက် လူထုအသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၉ နာရီက အလုံမြို့နယ်၊ အလုံစျေးရှေ့၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။