အမြို့မြို့အနယ်နယ်သတင်းများ

Jun 21,2024
ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မိခင်နှင့်က​လေးစောင့်​ရှောက်​ရေးအသင်း ပိုင်မူကြို​ကျောင်းတွင် ​ကျောင်းသား/ ​ကျောင်းသူလေးများအား မြို့နယ်ကျန်းမာ​ရေးဦးစီးဌာနနှင့်ပူး​ပေါင်း၍ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ခဲ့‌ကြောင်း သိရှိရသည်။
Jun 21,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လအတွက် ပင်စင်လစာငွေများကို ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 21,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံခရိုင် စုပေါင်းရုံးသစ်ဖွင့်ပွဲကို ဇွန်လ ၂၀ ရက်နေ့က စက်ရုံရပ်ကွက်လမ်းရှိ အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jun 21,2024
မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲနှင့် အမျိုးသမီးရေးရာအဖွဲ့၏ အကြိမ်(၂၀)မြောက် နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၄ လမ်း၊ ၆၄/၆၅ လမ်းကြားရှိ တိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့တို့၏ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မမ တက်ရောက်အားပေးသည်။
Jun 21,2024
စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(သထုံ)တွင် ပညာသင်ကြားနေကြပြီး အကြောင်းအမျိုးမျိုးကြောင့် မိမိတို့နေရပ်သို့ပြန်ရန် ခက်ခဲနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ပညာသင်စရိတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၄ နာရီအချိန်ခန့်က မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 21,2024
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ခွေးရူးရောဂါ ကင်းစင်ရေးအတွက် အမျိုးသားအဆင့် စီမံကိန်း (၂၀၁၈-၂၀၃၀)ကို ရေးဆွဲလျက်ရှိပြီး ခွေးမှတစ်ဆင့် လူသို့ ခွေးရူး‌ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းသားလူငယ်များ ခွေးရူးရောဂါနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများ ရရှိစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရန်အောင်မြင်)ကျောင်း၌ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထက်မမဖြိုးနှင့် ဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများအား ခွေးရူးပြန်ရောဂါ အသိပညာပေး ဟောပြောခဲ့ကြသည်။
Jun 21,2024
မန္တလေးမြို့တော်စည်ပင်ယာရေးကော်မတီ ဌာနအသီးသီးရှိ အရာထမ်း၊ အမှုထမ်း (၅၈၁၂) ဦးတို့အား Pfizer ကိုဗစ်ကာကွယ်ဆေး ထိုးနှံ‌ပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ မြို့တော်ခန်းမတွင် ပြုလုပ်သည်။
Jun 21,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာ/ ဆရာမကြီးများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် ပျဉ်းမနားမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ စွမ်းရတနာခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်ပညာရေးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးမှူးများ၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊မူလတန်း ကျောင်းအုပ်ဆရာ/ဆရာမကြီးများ တက်ရောက်ကြသည်။