အမြို့မြို့အနယ်နယ်သတင်းများ

Apr 10,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက် ဦးနိုင်လင်းဇော် ငှားရမ်းထားသော RC(၂)ထပ် အဆောက်အအုံအောက်ထပ်တွင် ယမန်နေ့ ည(၉)နာရီချိန်ခန့်က မီးအားမြှင့်စက်အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Apr 10,2024
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရှင်သန်နိုင်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Apr 10,2024
နိုင်ငံတော်အဆင့် ထေရဝါဒဗုဒ္ဓသာသနာပြု သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်သို့ ကြွရောက်လာပြီး ယမန်နေ့တွင် ထေရဝါဒဗုဒ္ဓသာသနာပြုဌာနများအား ကြွရောက်လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
Apr 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၈ ရက်နေ့ မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Apr 10,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန (Community Centre) ခန်းမ၌ ထွန်းသစ်စမူကြိုကျောင်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
Apr 10,2024
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ “ငွေပဒေသာ” စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်း၊ ဆရာစံရပ်ကွက်၊ “ဝင်းမိသားစု” ဝါးဂွမ်းအစေ့ထုတ်လုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့ရာ စပါးကြိတ်ခွဲစက်နှင့် ဆန်ချောစက်လုပ်ငန်းနှင့် ဝါဂွမ်းအစေ့ထုတ်လုပ်ငန်းရှင်များက  လုပ်ငန်းလည်ပတ်ဆောင်ရွက်နေရသည့် လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ် လုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့ ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး စာစစ်ဌာနတွင်  ပါဠိပထမပြန်စာမေးပွဲဖြေဆိုတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကြီးကြပ်ဆရာတော်များအား ဖူးမျှော်ကြည်ညှိပြီး၊ ဆွမ်း၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌနှင့် စာမေးပွဲကြီးကြပ် ဆရာတော်များအား ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
Apr 10,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ယဉ်ကျေးလိမ္မာ၊ ကွန်ပျူတာနှင့် အင်္ဂလိပ်စာသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ကျည်တောင်ကျေးရွာ အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။