အမြို့မြို့အနယ်နယ်သတင်းများ

Apr 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (က/ခ) ရပ်ကွက်၊ ဓမ္မမာမကကျောင်း၌  သင်္ကြန်တွင်း မဟာစည်ဝိပဿနာ(၁၀) ရက်တာ တရားစခန်းကို ဧပြီ (၆) ရက်နေ့မှ (၁၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ‌‌ေရဖြုမြို့၊ဓမ္မမာမကကျောင်း၏ ဂေါပက အဖွဲ့ဝင်များ ထံက သိရသည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ ပဉ္စမအကြိမ်မြောက် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဇေယျာအောင်သံအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Apr 05,2024
မိုးတွင်းကာလ ရွာသွန်းခဲ့သောမိုးရေချိန်များကြောင့် ကန်များအတွင်းရေဝင်ရောက်မှု များပြားကာ မိုးသီးနှံ၊ ဆောင်သီးနှံများအပြင်  ရက်(၉၀)နွေစပါးများကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်နန်းကျေးရွာ၌ စတင်စိုက်ပျိုးလျက်ရှိကြောင်း တောင်သူဦးမောင်စိုးထံမှ သိရသည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကို  ဧပြီလ ၃ရက် နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည် ။
Apr 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို ယမန်နေ့ နေ့လယ်ပိုင်းက ကျိုက်လတ်-မအူပင်ကား လမ်းဘေးရှိ ဖွံ့ဖြိုးအောင် စက်သုံးဆီအရောင်းဆိုင်၌ ဆောင်ရွက်ခဲ့သည်။
Apr 05,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်များ၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်နှင့် ဘက်စုံ ထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ အခြေခံပန်းချီအခမဲ့သင်တန်း၊ ဒုတိယနေ့ကို ယမန်နေ့နေ့လယ် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ သင်ကြားပေးလျက်ရှိသည်။
Apr 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နံနက် ၉ နာရီက ပုံပြင်‌ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် အသိပညာ‌ပေးနံရံကပ်စာ‌စောင်ပြပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Apr 05,2024
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယမန်နေ့မွန်းတည့် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။