ငါန်းဇွန်မြို့၌ ပါဠိပထမပြန်စာမေးပွဲ ဆက်လက်ဖြေဆို

ငါန်းဇွန် ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ် (၁) ရပ်ကွက်ရှိ ရတနာပုံကျောင်းတိုက် ဓမ္မာရုံအတွင်း၌ ယမန်နေ့မွန်းတည့် ၁၂နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို မြို့နယ်အတွင်းရှိ စာသင်တိုက်များမှ သံဃာတော်များ၊ လူနှင့် သီလရှင်များ ဖြေဆိုကြရာ အကြီးတန်း၌ စာရင်းရှိ (၁၀)၊ ဖြေဆို (၈)၊ ပျက်ကွက် (၂)၊ ပထမလတ်တန်း၌ စာရင်းရှိ (၁၁)၊ ဖြေဆို (၁၁)၊ ပျက်ကွက်မရှိ၊ ပထမငယ်တန်း၌ စာရင်းရှိ (၁၂)၊ ဖြေဆို (၁၁)၊ ပျက်ကွက် (၁)၊ အခြေပြုမူလတန်း၌ စာရင်းရှိ (၂၀)၊ ဖြေဆို (၁၃)၊ ပျက်ကွက် (၇)တို့သည် ကစ္စည်းသဒ္ဒါကြီးဘာသာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ရက်နေ့မှ ၉ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ဖြေဆိုသံဃာတော်များ၊ သီလရှင်ဆရာလေးများအတွက် စာမေးပွဲဖြေဆိုရာတွင် လိုအပ်မှုမရှိစေရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန ရုံးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)