ရေဖြု၌ ၂၀၂၄ ခုနှစ် (၁၉) ကြိမ်မြောက် သင်္ကြန်တွင်းမဟာစည်ဝိပဿနာ (၁၀) ရက် တရားစခန်း ဖွင့်လှစ်မည်

ရေဖြူ ဧပြီ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၊ (က/ခ) ရပ်ကွက်၊ ဓမ္မမာမကကျောင်း၌  သင်္ကြန်တွင်း မဟာစည်ဝိပဿနာ(၁၀) ရက်တာ တရားစခန်းကို ဧပြီ (၆) ရက်နေ့မှ (၁၆) ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ‌‌ေရဖြုမြို့၊ဓမ္မမာမကကျောင်း၏ ဂေါပက အဖွဲ့ဝင်များ ထံက သိရသည်။

အဆိုပါတရားစခန်းဖွင့်လှစ်ရာတွင် ၂၀၂၄ ခုနှစ် သင်္ကြန်ကာလ ဧပြီ (၆) ရက်နေ့မှ (၁၆) ရက်နေ့အထိ (၁၉) ကြိမ်မြောက် မဟာစည်ဝိပဿနာ (၁၀) ရက်တာ တရားစခန်းကို မဟာစည်ဆရာ‌တော် အရှင်ဣသရိယက (၁၀) ရက်တာ ဟောပြောပြသသွားမှာဖြစ်ပြီး ရေဖြူမြို့ ဓမ္မမာမကကျောင်း ဆရာတော် ဦးဝေပုလ္လ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ရာ တရားစခန်းဝင်လိုသူ ရဟန်းရှင်လူ ယောဂီများအနေဖြင့် ဂေါပက အဖွဲ့တွင် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

ခတ္တာ