မော်လမြိုင် ဧပြီ ၂၂
နယ်စပ်ရေးရာဝန်ကြီးဌာနသည် နယ်စပ်ဒေသကျေးရွာများ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးလျက်ရှိရာ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၂၅.၇၈၉သန်းဖြင့် ဆောင်ရွက်ခဲ့သော မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကြီးအုပ်-ညောင်ကုန်းလမ်း ၇ မိုင် ၄ ဖာလုံအနက် ၃ မိုင် ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းမှာ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ပြီးစီးခဲ့ပြီဖြစ်သည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အတွင်း လမ်းတံတားလုပ်ငန်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း၊ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းစသည်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၂၈ ခု ကို ခွင့်ပြုရန်ပုံငွေ ကျပ် ၂၄၈၃.၂၆၄ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)