ရန်ကုန် ဧပြီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လုထုအခြေပြုဗဟိုဌာန (ဗဟန်း)၌ စာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး
ဦးဆန်းဝင်းက အဖွင့်အမှာစကားပြောကြးရာတွင် စာကြည့်တိုက်ပညာလုပ်ငန်း စတင်ပေါ်ပေါက်လာပုံ နောက်ခံသမိုင်းအကြောင်းအရာများ၊ စာကြည့်တိုက်အလိုအလျောက်စနစ်နှင့် စီမံခန့်ခွဲမှုစနစ်များ၊ ဒီဂျစ်တယ်တတ်မြောက်မှုနှင့် သတင်းအချက်အလက်ရယူမှု၊ ကမ္ဘာတစ်ဝန်းလုံးမှာ ဆက်သွယ်ရေးနည်းပညာနဲ့ သတင်းအချက်အလက်ဆိုင်ရာ နည်းပညာများက လျင်မြန်စွာတိုးတက်ပြောင်းလဲနေမှုကြောင့် လူထုဆက်သွယ်ရေးနည်းလမ်းများက ထိရောက်မှုရှိလာပြီး စာကြည့်တိုက်များရဲ့ အခန်းကဏ္ဍကလည်း အရေးပါလာပုံအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးမောင်မောင်ဦး(ဟိန်းလတ်)က စာကြည့်တိုက်မှူးများ စွမ်းရည်မြှင့်သင်တန်းပို့ချဆောင်ရွက်ရမည့် အခြေအနေများကိုလည်ကောင်း၊ ရန်ကုန်အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်းစည်းကမ်းချက်များကိုလည်းကောင်း အသီးသီးကြောကြားခဲ့ကြသည်။
အဆိုပါစာကြည့်တိုက်ပညာသင်တန်း(၁/၂၀၂၄)ကိုဧပြီလ၂၂ ရက်နေ့မှ၂၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ သင်တန်းသား သင်တန်းသူ(၂၃)ဦး တက်ရောက်ခဲ့၍ စာကြည့်တိုက်ပညာလုပ်ငန်းများကို စာကြည့်တိုက်ပညာရှင်များဖြစ်သော ဦးမောင်မောင်ဦး၊ စာရေးဆရာ(ဟိန်းလတ်)၊ ဒေါက်တာခင်လေးစိုးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းတို့က စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)