အမြို့မြို့အနယ်နယ်သတင်းများ

Sep 20,2025
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများအား(MEVM)မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဗိုလ်ချုပ်ကျေးရွာ ရှစ်မျက်နှာဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြသည်။
Sep 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ မရမ်းဘေးကျေးရွာတွင် မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့ စမ်းသပ်မဲပေးခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 20,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အပတ်စဉ်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း လုပ်ငန်းများကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ နယ်မြေ(၁၁)၊ အမှတ်(၁၃၈)၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုကို နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီး ရဲမိုး၊ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် စားဖိုဆောင်သုံးပစ္စည်းများအား သင့်တင့်သောဈေးနှုန်းဖြင့်ရောင်းချပေးနေမှု အခြေ အနေများကို ကြည့်ရှုအားပေးခဲ့ကြသည်။
Sep 20,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား သွားရောက်ဖြန့်ဝေပေးခဲ့သည်။
Sep 20,2025
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် တစ်ပိုင်တစ်နိုင်ကျောက်ဖရုံစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းပြီး ကျောက်ဖရုံသီးများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်၌ ဈေးကောင်းရရှိကြောင်းသိရသည်။