သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ထန်းတပင်ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံးပြိုကျပျက်စီး

သာပေါင်း ဇူလိုင် ၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ထန်းတပင်ကျေးရွာအုပ်စုတွင် နေအိမ်(၁)လုံးပြိုကျ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။

ထို့သို့ မိုးရွာသွန်း၊ လေပြင်းတိုက်ခတ်မှုကြောင့် ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာတွင် ဦးဝင်းသန်းနှင့်အတူနေ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ယောက်တို့နေထိုင်ရာ ဓနိမိုး၊ ဓနိကာ ၊ ကြမ်းခင်း(၁၅×၁၂×၁၈’)နေအိမ် ပြိုကျပျက်စီးခဲ့ရပြီး ပျက်စီးမှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန်များထိခိုက် ဒဏ်ရာရှိခဲ့မှု၊ အသက်အန္တရာယ်ဆုံးရှုံးမှုမရှိပါကြောင်းနှင့် ၎င်းတို့အား နီးစပ်ရာမိဘဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့နေထိုင်ရေး သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးအဖွဲ့က ပူးပေါင်းကူညီ စီစဉ်ဆောင်ရွက်ပေးထားလျက်ရှိကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)