စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ကျောင်းပေါင်းစုံ အမျိုးသား/ အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်

မုံရွာ ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဒီဂရီကောလိပ်၊ တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်/ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများ၊ ပြိုင်ပွဲအားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသား ခရစ်ကတ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ပညာရေးဒီဂရီကောလိပ်နှင့် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အလုံ)တို့ ယှဉ်ပြိုင်ကစားနေမှုများအား ကြည့်ရှုအားပေးကြရာ      ပြိုင်ပွဲတွင် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(အလုံ) အသင်းအား အနိုင်ရရှိသွားသည်။

ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီးဉပဒေချုပ်နှင့် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က ပညာရေးဒီဂရီကောလိပ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(အလုံ)နှင့် SEC ကိုယ်ပိုင်အထက်တန်းကျောင်းများအား ခရစ်ကတ်လေ့ကျင့်ရေး အားကစားပစ္စည်းများအား အသီးသီးပေးအပ်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း အသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရ ဝန်ကြီးက အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၂)အခြေခံပ ညာအထက်တန်းကျောင်းအသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းအသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်က အမျိုးသားခရစ်ကတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၂)အခြေခံပညာအထက်တန်း(အလုံ) အသင်းအား ငွေသားဆုနှင့်ဒိုင်းဆုအားလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အမျိုးသမီးခရစ်ကတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မုံရွာပညာရေးဒီဂရီကောလိပ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဒိုင်းဆုအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမျိုးသား ခရစ်ကတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မုံရွာပညာရေးဒီဂရီကောလိပ် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ငွေသားဆုနှင့် ဒိုင်းဆုအားလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရအသင်းများနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။        

တိုင်းဒေသကြီး(ပြန်/ဆက်)