Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 08,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၆)ရက်နေ့က ရခိုင်ရိုးလေးကျေးရွာနှင့် ကတွယ်ကျေးရွာတို့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် အ.ထ.က(၃) ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြော၊ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးပေး
Jul 08,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၃)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့၌ အမျိုးသမီးများ ဝင်ငွေတိုးတက်ရေး စက်ချုပ်နည်းပညာသင်တန်း (ပထမအကြိမ်) ဖွင့်လှစ်
Jul 08,2025
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးတက်ရေးစီမံကိန်းအစီအစဉ်တွင် ပါဝင်သည့် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစက်ချုပ်နည်းပညာ သင်တန်း (ပထမအကြိမ်) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာ၌ ကျင်းပရာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က အမှာစကားပြောကြားပြီးနောက် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ခေါင်းဆောင်က သင်တန်းသားတစ်ဦးအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပလောက်မြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ပြိုင်ပွဲများကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော် မြို့နယ်အ.မ.က (၅) ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းဆောင်ရွက်
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာရေး စစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jul 08,2025
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာနှင့် အလျင်လိုကျေးရွာများရှိ နွေစပါးရိတ်သိမ်းမှုအခြေအနေများနှင့် မိုးစပါးအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ် စာဖတ်ရှိန်မြင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ စံပြသာယာရပ်ကွက် အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3833
Page
3834
Page
3835
Page
3836
Current page
3837
Page
3838
Page
3839
Page
3840
Page
3841
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department