သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်‌ဆေးခြင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်

သထုံ ဇူလိုင် ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အပတ်စဉ်‌ ကျန်းမာရေးစစ်‌ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

လိုက်လံဆောင်ရွက်ရာတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဦး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းတို့က ဝမ်းပျက်ဝမ်း‌လျှောရောဂါ သတိပြုကာကွယ်ရေးနှင့် မဖြစ်ပွားအောင် ဂရုပြုနေထိုင်ရမည့်အချက်များ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၏ အကျိုးကျေးဇူးများ၊ လက်ဆေးခြင်း လက်ကိုသန့်ရှင်းစင်ကြယ်စွာ ထားရှိခြင်း၏ အကျိုးကျေးဇူးများ၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားအောင် သတိပြုရမည့်အချက်များကို အသိပညာပေးဆွေးနွေး‌ဟောပြောပြီး ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူ ၃၀၀ ကျော်တို့၏ နား၊ မျက်စိ၊ ခံတွင်းနှင့် သွား၊ ခြေသည်းလက်သည်းများကို တစ်ဦးချင်းစစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)