Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သံတောင်မြို့ရှိ ပသိခန်းမ ပြင်ဆင်ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေးဆောင်ရွက်
Mar 10,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သံတောင်မြို့ရှိ ပသိခန်းမ အကြီးစားပြင်ဆင် ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ(၄)နာရီက ကရင်ပြည်နယ် အစိုးရအဖွဲ့ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က သွားရောက်စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးကြည့်ရှုစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် အတွင်းရှိကျောင်းသား/ ကျောင်းသူများ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဖွေးဟွမ်ဦးနှင့် မြို့နယ်ပညာရေးကော်မတီဝင်တို့က ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ဖြေဆိုမည့်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောမီးလောင်မှုမှ မီးဘေးသင့် ပျက်စီးနေအိမ်တစ်လုံးအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်
Mar 10,2020
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု နားခံကျေးရွာတွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းက တောမီးလောင်ရာမှ မီးကူးစက်လောင်ကျွမ်းကာ နေအိမ်တစ်လုံး ပျက်စီးခဲ့ရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုပုံးမြို့၌ သံဃာအပါး(၄၅၀)ကျော်အား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Mar 10,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် တပေါင်း လပြည့်ကျော်(၁)ရက်နေ့တွင်ကျင်းပသော မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှစတင်၍ ကမ္ဘောဇလမ်းမှ ဆီဆိုင်-လွိုင်ကော်သွားလမ်း ထိုမှတစ်ဆင့် ဟိုပုံးကားဂိတ်မှ သီရိမင်္ဂလာဗိမာန်တော်ကြီးအထိ လှည့်လည်၍ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်
Mar 10,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့၌ ဒေသခံပြည်သူများ၏ တောင်းဆိုတင်ပြချက်အရ လွှတ်တော် ကိုယ်စားလှယ်မှတဆင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၊ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ (၉.၃.၂၀၂၀) ရက်နေ့မှ (၁၃.၃.၂၀၂၀) ရက်နေ့အထိ ဒေသထွက်သီးနှံအခြေခံ တန်းဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ္မတူမြို့နယ်၌ (Physical Fitness Dance) ဆင့်ပွားသင်တန်း ဆင်းပွဲကျင်းပ
Mar 10,2020
(Physical Fitness Dance) ဆင့်ပွားသင်တန်းဆင်းပွဲကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ အမှတ်(၈)အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာဖြေဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေး
Mar 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့တွင် ၂၀၂၀ ပြည့်နှစ် မတ်လ(၁၁)ရက်မှ (၂၀) ရက်နေ့ ထိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်စာဖြေဌာန အ-ထ-က ကျောင်းသို့ ယမန်နေ့ နံနက်က ခိုလမ်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်မြင့် ဦးဆောင်ကာ ကျောင်းလုံခြုံမှုရှိစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၁၁) ဦး ဖြေဆိုမည့် စာဖြေခန်းများ စနစ်တကျ ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ဂုဏ်ပြုကြိုဆိုခြင်း အခမ်းအနား စည်ကား သိုက်မြိုက်စွာ ကျင်းပ
Mar 10,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့တွင် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ မြို့မသာသနာပြု (ဗဟို) ကျောင်းဆရာတော်အား ကြိုဆိုဂုဏ်ပြုခြင်းကို ယမန်နေ့ညနေ (၆)နာရီက မြို့အဝင်၌ စတင်ကြိုဆိုပူဇော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30627
Page
30628
Page
30629
Page
30630
Current page
30631
Page
30632
Page
30633
Page
30634
Page
30635
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department