Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကာမိုင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင် ကာကွယ်ရေး အသိ ပညာပေး နယ်လှည့်ဆောင်ရွက်
Feb 26,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ကာမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး နယ်လှည့် လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ထွယ်ဆန်ယန်ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ် (၂)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေး
Feb 26,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် မိုးကုတ်မြို့ ချမ်းသာကြီးမြတ်စွာဘုရား အခမဲ့ကုသိုလ်ဖြစ် မျက်စိ ခွဲစိတ် ကုသရေးအဖွဲ့မှ မိုးမိတ်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်မှစတင်၍ စမ်းသပ် စစ်ဆေးပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝေးလံခေါင်သီ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များ လှူဒါန်း
Feb 26,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ ဝေးလံခေါင်သီကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဝတ်အထည်နှင့် မုန့်များကို မယ်စဲ့မြို့မကျောင်းတိုက် ဆရာတော်ဦးဩဇေယျနှင့်အဖွဲ့က ယမန်နေ့က အ.မ.က(နမ့်ဟူး)နှင့် မူလွန်(ဟိုဂျစ်)တို့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၃၇)ကြိမ်မြောက် ပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ မိုးညှင်းတွင်ကျင်းပ
Feb 26,2020
(၃၇)ကြိမ်မြောက် ကချင်ပြည်နယ် လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲကို မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ ဥတ္တရာမကျောင်းတိုက်တွင် ယမန်နေ့ မွန်းတည့် (၁၂) နာရီမှစ၍ ကျင်းပရာ မြို့နယ် အသီးသီးရှိ ကျောင်းတိုက်များမှ စာဖြေ သံဃာတော်များနှင့် စာဖြေသီလရှင် ဆရာလေးများ စုစုပေါင်း ၁၀၂ ပါး ဝင်ရောက် ဖြေဆို ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်အတွင်း လျှပ်စစ်မီး မရရှိသေးသော ကျေးရွာများသို့ စွမ်းအားမြှင့် မီးဖိုများ အခမဲ့ ဖြန့်ဝေ ပေးသွားမည်
Feb 26,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သီပေါမြို့နယ်အတွင်း လျှပ်စစ်မီးမရရှိသေးသော ကျေးရွာအုပ်စု(၃၀)မှ ကျေးရွာ(၃၃၀)ရွာရှိ အိမ်ထောင်စု (၁၈၀၀၀)ထံသို့ စွမ်းအားမြှင့် မီးဖိုများကို နှစ်ကြိမ်ခွဲ၍ အခမဲ့ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချီဖွေမြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးနှင့် မွေးမြူရေး သင်တန်း ဖွင့်လှစ်
Feb 26,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက်(၁၁)နာရီတွင် ချီဖွေမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ အသက်မွေးဝမ်းကျောင်းအထောက်ကူပြု သင်တန်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ရွှေ့ပြောင်းတောင်ယာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 26,2020
တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းတောင်ယာစနစ်ဖြင့် စိုက်ပျိုးခြင်းထက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေမည့် အလားအလာ ရှိသော တောင်စောင်းစိုက်ပျိုးရေးစနစ်ကို တောင်သူများကိုယ်တိုင် ကျင့်သုံးစိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ ပူးပေါင်းကာ ရွှေ့ပြောင်းတောင်ယာစနစ် စိုက်ပျိုးမှုလျော့နည်းပပျောက်ရေး ဒေသခံတောင်သူများအား ကွင်းဆင်း အသိပညာ ပေးခြင်းကို ယမန်နေ့က ကယားပြည်နယ်၊ မယ်စဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ တောင်သူ ၃၈ အား မြန်မာ(GAP)အသိအမှတ်ပြု လက်မှတ်များပေးအပ်
Feb 26,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြိုနယ်တွင် စိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ မိုးစပါးရာသီ ၌ လျှောက်ထားခဲ့သော တောင်သူ ၃၈ ဦးအား မြန်မာ (GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
29298
Page
29299
Page
29300
Page
29301
Current page
29302
Page
29303
Page
29304
Page
29305
Page
29306
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department