မိုးမိတ်မြို့တွင် မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေး

မိုးမိတ်  ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် ရွှေတောင်ဦးဘုရားဓမ္မာရုံတွင် မိုးကုတ်မြို့ချမ်းသာကြီးမြတ်စွာဘုရား အခမဲ့ကုသိုလ်ဖြစ် မျက်စိခွဲစိတ်ကုသရေးအဖွဲ့မှ မိုးမိတ်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ယနေ့ နံနက် ၇ နာရီအချိန်မှ စတင်၍ စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ကုသပေးခြင်းကို ဖေဖော်ဝါရီ ၂၇ ရက်နေ့အထိ နှစ်ရက်တိုင်တိုင်အခမဲ့ စမ်းသပ် ကုသပေး သွာမည်ဖြစ်ပြီး တစ်ရက်လျှင် လူဦးရေ (၆၀၀) ကို ကုသစစ်ဆေးပေးသွားမည်ဖြစ်ပြီး မျက်စိခွဲစိတ်ကုသရမည့် သူများကိုလည်း မိုးကုတ်မြို့သို့ ခေါ်ဆောင် ကုသပေးသွားမည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဒေါ်မြင့်မြင့်လွင်၏ ပြောကြားချက်အရ သိရသည်။

မိုးမိတ်သား(စည်သူဌေး)