မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် မဲစာရင်းကြော်ငြာဘုတ်များ စတင်ကြေညာထားရှိ

မဟာအောင်မြေ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်ရပ်ကွက်များတွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းအချိန်ကစ၍ လာမည့်ဒီဇင်ဘာရွေးကောက်ပွဲတွင် မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူများအတွက် မဲစာရင်းများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်း ကြော်ငြာဘုတ်များ စတင်ကြေညာထားလျက်ရှိကြောင်းသိရသည်။

အဆိုပါ မဲစာရင်းကြော်ငြာ ဘုတ်ကပ်ထားရာတွင် မဟာအောင်မြေခရိုင်အတွင်းရှိ မြို့နယ်များဖြစ်သည့် မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည် မြို့နယ်နှင့်ပြည်ကြီးတံခွန်မြို့နယ်တို့၌ ယင်းမြို့နယ်(၄)မြို့နယ်မှ ရပ်ကွက်၊ ကျေးရွာစုစုပေါင်း ပေါင်း(၇၀)ရှိပြီး မဲရုံစုစုပေါင်း (၃၁၂)ရုံရှိရာ အသက်(၁၈)နှစ်နှင့်အထက်မဲပေးရမည့် မဲဆန္ဒရှင်ပြည်သူ လူဦးရေစုစုပေါင်း (၄၁၁၀၈၈)ဦးရှိ‌ကြောင်း သိရသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းတွင် မိမိနာမည်စာရင်း ပါဝင်ခြင်းမရှိပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး မဲစာရင်းတွင် မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ ၄ ဖြင့် ကန့်ကွက်ရမည်ဖြစ်ကြောင်း ယင်းမဲဆန္ဒရှင်စာရင်းများအား ၃၀-၉-၂၀၂၅ ရက်နေ့မှ ၁၃-၁၀-၂၀၂၅ ရက်နေ့အထိ ၂ ပတ်ကြာ ကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဲစာရင်းကြော် ငြာပြဘုတ်များသို့ မန္တလေးခရိုင်၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဟာအောင်မြေခရိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာက လာ‌ရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်