သာပေါင်း စက်တင်ဘာ ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ကပ်ရောဂါအသွင် ဖြစ်ပွားတတ်သောကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများ သင်တန်းကို စက်တင်ဘာလ ၂၉ ရက်နေ့ က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ သင်တန်း ဖွင့်လှစ် ပို့ချခဲ့ကြသည်။
ကပ်ရောဂါအသွင်ဖြစ်ပွားတတ်သော ကူးစက်ရောဂါများစောင့်ကြပ်ကြည့်ရှု့ခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများသင်တန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းပွားဦးဆောင်၍ ကျန်းမာရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်တင်တင်ဝင်း (မိခင်/ကျောင်းကျန်းမာရေးအာဟာရ)တို့က အခြေခံ ကျန်းမာရေးဝန်ထမ်း(၁၂၅)ဦးတို့ကိုမြို့နယ်အဆင့် သင်တန်းအား (၂၉၊၉၊၂၀၂၅)ရက်နေ့ မှစတင်၍ (၃၀၊ ၉၊၂၀၂၅) ရက်နေ့ အထိ သင်တန်းဖွင်လှစ် သင်ကြားပို့ချခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး (သာပေါင်း ပြန်/ဆက်)