ကံမ အောက်တိုဘာ ၇
၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့၊ အောက်တိုဘာ (၆) ရက်နေ့ညနေပိုင်းတွင် သရက်ခရိုင် ကံမမြို့ရှိ ဘုရားစေတီပုထိုးများ၌ အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပြီး ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ဖူးမြော်ကြည်ညိုလျက်ရှိရာ ကံမမြို့ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်၊ ရွှေစည်းခုံ စေတီတော်၊ အောင်သိဒ္ဓိကန်လယ်ဘုရားနှင့် သက်တော်ရှည် သက်တော်ရဘုရားနှစ်ဆူအစရှိသည့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလ အခါသမယအဖြစ် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခြင်းနှင့် ဘုရားဖူးလာရောက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)