အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓ မြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၇ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၈ရက်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။
Oct 03,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကျက်သရေဆောင် ကေတုမတီဘိုးဘွားရိပ်သာ၌ အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အခမ်းအနားကို ​အောက်တိုဘာလ ၁ ရက်နေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
Oct 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 03,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ အောက်တိုဘာ  ၁ ရက်နေ့ နံနက် ၉ နာရီခွဲက မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Oct 03,2025
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်၌ မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်အတွက် ရည်ရွယ်၍ မြို့နယ်အတွင်းရှိမဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံး များတွင် ယမန်နေ့နံနက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာထားသည်။
Oct 03,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
Oct 03,2025
မင်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၆)ရပ်ကွက်/ကျေးရွာအုပ်စု (၃၈)အုပ်စုတို့တွင် အဆိုပါ မဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းများကို စက်တင်ဘာ (၃၀)ရက်မှ အောက်တိုဘာ (၁၃)ရက် အထိ (၁၄)ရက်ကြာ ကြေညာထားမည်ဖြစ်သည်။        
Oct 03,2025
 (၆၁)နှစ်မြောက်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊  မင်္ဂလာခန်းမ၌ အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်း ကကျင်းပရာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၏ သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရဲမှုးချုပ် စိန်လွင်က ဖတ်ကြားခဲ့သည်။