အမြို့မြို့အနယ်နယ်သတင်းများ

Oct 03,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့သည်။
Oct 03,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ရာ ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန်အတွက် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာခြင်းကို  စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
Oct 03,2025
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူစစ်နှင့် နယ်ခြား‌တပ်များညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄- ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက်ပိုင်းက ချောင်းဆုံမြို့နယ် အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်/ကောလိပ်မှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့ဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက် သည်။
Oct 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက ကပ်ထားကြေညာရာ ပြည်သူများက လာရောက် ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
Oct 03,2025
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်သည့်(၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက်နေ့ နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံ တပ်နယ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည့်တော်များ တက်ရောက်ကြသည်။
Oct 03,2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏ မဲစာရင်းများအား ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ(၃၀) ရက်မှ စတင်‌၍ ဆောင်ရွက်သည်။
Oct 03,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် လွှတ်တော်အသီးသီးအတွက် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများ၏ မဲဆန္ဒရှင်စာရင်းများအား ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၁ ရက် နံနက် ၆ နာရီမှ စတင်၍ ဆက်လက်ကြေညာထားသည်။
Oct 03,2025
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ကျက်သရေဆောင် သမိုင်းဝင်လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆၁၄)နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် (၁၂၆)ကြိမ်မြောက် ဗုဒ္ဓ မြတ်စွယ်တော် ဖွင့်လှစ်အပူဇော်ခံပွဲကို ၁၃၈၇ခုနှစ် တန်ဆောင်မုန်းလဆန်း (၈)ရက် ၂၀၂၅ခုနှစ် အောက်တိုဘာ ၂၈ရက်မှစ၍ တန်ဆောင်မုန်းလပြည့်ကျော်(၂)ရက် နိုဝင်ဘာ ၆ ရက်အထိ ၁၀ ရက်တိုင် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်သည်။