အမရပူရမြို့နယ်၌ စိုက်ဧကများကိန်းဂဏန်းမှန်ကန်စေရေး စစ်တမ်းများကွင်းဆင်းကောက်ယူ

အမရပူရ မေ ၁၂

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၌ ၂၀၂၅-၂၀၂၆ခုနှစ် စိုက်ဧကများကိန်းဂဏန်းမှန်ကန်‌စေရေးစစ်တမ်းများကွင်းဆင်းကောက်ယူခြင်းအား  ယနေ့ နံနက် ၁၀ နာရီက အမရပူရမြို့နယ် တမုတ်ဆိုးကျေးရွာအုပ်စု ဂျိုရွာကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

အဆိုပါ ကွင်းဆင်းစစ်တမ်းကောက်ယူနေမှုကို စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူးဦးစိုးသိန်းက ကြည့်ရှုစစ်ဆေးပြီးတောင်သူများအား စိုက်ပျိုးရေးနည်းပညာများကို ဟောပြောဆွေးနွေးသည်။

ယနေ့ ကွင်းဆင်းစစ်တမ်း ကောက်ယူရာသို့  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးသိန်း၊ အမရပူရမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးလှိုင်နှင့်ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှကွင်းတာဝန်ခံနှင့် ဖိတ်ကြားထားသော တောင်သူများတက်ရောက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

စိုးသီဟ(အမရ)