မောက်မယ် ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာခွင့်ပြုရန်ပုံငွေ ကျပ် (၇၅၀၀၀ဝိ/−) ဖြင့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုး ကြက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြရန် ရည်ရွယ်၍ ဒေသကြက်မျိုးများ အခမဲ့ဖြန့်ဖြူးပေးခြင်းကို ဟိုလွိုင်ကျေးရွာအုပ်စု နားလော့ကျေးရွာတွင် ယမန်နေ့နေ့လည် ၁ နာရီက သွားရောက်ပေးအပ်ခဲ့သည်။
ပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော် က အဖွင့်အမှာစကားပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဌေး က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဘိန်းအစားထိုးအဖြစ် ကြက်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးအတွက် ဒေသကြက်များ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၇၅၀၀၀ဝိ/−) ဖြင့် ကြက်ကောင်ရေ (၁၀၀) ကောင်ကို ကျေးရွာနေကြက်မွေးမြူလိုသူ အိမ်ထောင်စု ၂၀ စုအား အိမ်ထောင်စုတစ်စုလျှင် ၅ ကောင်နှုန်းဖြင့် ကြက်များကို တာဝန်ရှိသူများက ပြည်သူများ၏ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(ပြန်/ဆက်)