Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဖျာပုံမြို့၌ အခြေခံပညာကျောင်းပေါင်း ( ၂၉၈ ) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ် လှူဒါန်း
Jun 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (ဧရာဝတီသားဟေ့ဆောက်လုပ်ရေးကုမ္ပဏီ ) ဦးမင်းမင်း မိသားစုနှင့်အလှူရှင်များက ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၉၈) ကျောင်းသို့ နှာခေါင်းစည်း Mask (၆၀၀၀၀) ပေးအပ်လှူဒန်းခြင်းကို ဇွန် လ ၂၈ရက်နေ့ နံနက် ၉နာရီ အချိန်က၊ဖျာပုံမြို့ အထက(၁) အောင်မြေခန်းမ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများထားရှိရေး သီးသန့်ခန်းများပြင်ဆင်
Jun 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာများထားရှိနိုင်ရေးအတွက် နေရာထပ်မံ ပြင်ဆင်ခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြာအင်းဆိပ်ကြီးမြို့၌ ရော်ဘာပင်အိုခုတ် တောင်သူများအား ရော်ဘာပျိုးပင်ပေးအပ်ခြင်း အခမ်းအနားကျင်းပ
Jun 28,2021
မြန်မာနိုင်ငံတစ်ဝန်းတွင် ရော်ဘာနှစ်ရှည်ပင်များ စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ တိုင်းဒေသ ကြီး ပြည်နယ်များ၌ ကရင်ပြည်နယ်သည် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု တတိယအများဆုံး ပြည်နယ်ဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့နယ်သည် ကရင်ပြည်နယ်၌ ရော်ဘာစိုက်ပျိုး ထုတ်လုပ်မှု အများဆုံးမြို့နယ်ဖြစ်ပြီး စိုက်ဧကပေါင်း (တစ်သိန်းတစ်သောင်းကျော်) ဧက(၁၁၀၀၀၀)ကျော်ရှိပြီး ယခုနှစ်များတွင် မြို့နယ်အတွင်း၌ ရော်ဘာပင်အို ပင်ဟောင်းများ အား ခုတ်လှဲမှုမှာ ဧက(၄၀၀၀၀)ကျော်ရှိကြောင်းသိရသည်။ အဆိုပါခုတ်လှဲခဲ့သည့် ရော်ဘာ ပင်အိုဟောင်းများနေရာတွင် ပြန်လည် အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် ရော်ဘာပင်အိုခုတ် တောင်သူများအား ရော်ဘာပျိုးပင်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲ အချိန်က မြို့နယ်စိုကိပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်
Jun 28,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ မြဝတီမြို့၊ အမှတ်(၄) ရပ်ကွက်ရှိ ပြည်သူများအားပြုလုပ်ပေးနိုင်ရန်အတွက် အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ ဇွန်လ ၂၈ ရက်နေ့က ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ စနစ်တကျဝတ်ဆင်နိုင်ရန် လက်တွေ့ သရုပ်ပြ သင်ကြား
Jun 28,2021
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါနှင့် အရေးပေါ်လူနာများ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်နိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက မုဒုံမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ ပြင်ပလူနာဌာနတွင် တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ စနစ်တကျ ဝတ်ဆင်နိုင်ရန်လက်တွေ့သရုပ်ပြသင်ကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကန်ကြီးထောင့်မြို့နယ်တွင် အခြေခံကွန်ပြူတာသင်တန်းဖွင့်လှစ်ပေးမည်
Jun 28,2021
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလူငယ်များ အလုပ်အကိုင်အခွင့်အလန်းများရရှိစေရေး၊ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရေး စသည့်ရည်ရွယ်ချက်များဖြင့် အခြေခံကွန်ပြူတာသင်တန်းကို ဇူလှိုင်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်သည်။ အဆိုပါ သင်တန်း သို့ တက်ရောက်လိုသူများအနေဖြင့် ဇွန် ၃၀ ရက်နေ့ထက်နောက်မကျစေဘဲမြို့နယ်ရုံးသို့ လာရောက် စာရင်းပေးသွင်းရန်လိုအပ်မှာဖြစ်ပြီး ကျား ၇ ဦး မ ၈ ဦး စုစုပေါင်း ၁၅ ဦး အားသာ သင်ကြား သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့၌ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 28,2021
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်မြက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သတင်းမီဒီယာသမားများ အရည်အသွေးမြှင့်တင်ရေးသင်တန်းဖွင့်လှစ်မည်
Jun 28,2021
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ကြီးကြပ်စီစဉ်ဖွင့်လှစ်မည့် သတင်းမီဒီယာသမားများ အရည် အသွေးမြှင့်တင်ရေးသင်တန်း (၁/၂ဝ၂၁)ကို ဇူလိုင်လ ၂၀ ရက်နေ့မှ ၃၁ ရက်နေ့ထိ နံနက် ၁၀ နာရီမှ နေ့လယ် ၂ နာရီခွဲအထိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမတွင် သင်တန်းကြေးအခမဲ့ ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26610
Page
26611
Page
26612
Page
26613
Current page
26614
Page
26615
Page
26616
Page
26617
Page
26618
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department