အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2021
ကိုဗစ်-၁၉ ရောဂါသည် ပြန်လည်ဖြစ်ပွားလာပြီး ရောဂါကူးစက်ခံရမှု လူဦးရေ တိုးမြှင့်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ် နိုင်ရေးအတွက် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများကို ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ မြို့မဈေးတွင် ယနေ့ နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Jun 28,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉:၃၀ အချိန်ခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ ဇွန်လ ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိသည့် အတည်ပြုလူနာ ၂၇ ဦးရှိအား တောင်ငူဆေးရုံကြီး သီးသန့်ကုသဆောင် တွင်ထားရှိကာ ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ၄င်းနှင့် ထိတွေ့ဆက်စပ်ခဲ့သည့် လူဦးရေ (၁၇၂) ဦးအား တောင်ငူပညာရေးကောလိပ် (ဟောင်း) နှင့် အမေ့သားဟိုတယ် သီးသန့်စောင့်ကြည့်ဌာန (Facility Quarantine Centre) ၌ ထားရှိကာ ကျန်းမာရေး စစ်ဆေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ထံမှသိရသည်။
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်‌ရေး ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေး ဗီနိုင်း ပိုစတာများကို ယမန်နေ့ နံနက် ၁၀ နာရီက သုံးခွမြို့ အထွက်၊ မြို့မ‌ဈေးအနီးနှင့် အမှတ ၉ ရပ်ကွက်၊ ကားကြီးဝင်းတို့တွင် စိုက်ထူခဲ့ကြကြောင်း သိရှိရသည်။
Jun 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခုနှစ် မိုးရာသီ စပါးမျိုးစေ့ပိုးမွှားရောဂါကင်းစင်ပြီး စပါးအထွက်ကောင်းစေရန် ရည်ရွယ်ပြီး တောင်သူများအား စိုက်ပျိုးရေးအသိပညာပေး မြေ၊ မျိုး၊ ပိုး ဆိုင်ရာပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီ က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင်၊သိန္နီမြို့တွင်း Covid-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ယမန်နေ့မှစ၍ သိန္နီမြို့ မြို့မဈေးအား (၁၄) ရက်ကြာ ယာယီ ပိတ်မည်ဖြစ်ကြောင်း သိန္နီမြို့နယ် စည်ပင်သာယာ ရေးဦးစီးဌာနမှ  သိရသည်။
Jun 28,2021
မိတ္ထီလာမြို့နယ် မီးသတ်ဦးစီးဌာနမှ မကျီးစုကျေးရွာအတွင်းရှိ ကျေးရွာလေးရွာမှ အခြေခံပညာ မူလတန်း ကျောင်းများတွင် ယမန်နေ့က ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 28,2021
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ကျန်းမာရေးဌာနနှင့် ရပ်ကွက်လူငယ်အဖွဲ့အစည်းများ၊ Volunteer အဖွဲ့များပူးပေါင်းပြီး မြို့ပေါ်ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါသံသယဖြစ်သူများအား RDT (Test Kit)ဖြင့် စစ်ဆေးခြင်းကို ဇွန် ၂၈ ရက်၌ ဆောင်ရွက်ခဲ့ရာ ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၅ ဦးထပ်မံ‌တွေ့ရှိကြောင်း ကျန်းမာရေးဌာနမှ သိရသည်။