အမြို့မြို့အနယ်နယ်သတင်းများ

Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေးကို ယနေ့နံနက် ၁၀ နာရီက (၁၆)ရပ်ကွက်၊ အပိုင်း(၃) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jun 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများအား ယနေ့က ကျိုင်းတုံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ RDT Testkit ဖြင့် ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
Jun 28,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၂၈)ဦးကို Swab နမူနာယူ စစ်ဆေးရာ (၇)ဦး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (၆)လအတွက် ဒေသန္တရ စီမံကိန်းပြုစုရေးဆွဲရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jun 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရွာငံမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jun 28,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ပေါ်ရှိ lock down ချထားသော နေအိမ်များသို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းမှ စားသောက်ကုန်များကို ယမန်နေ့ က ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။
Jun 28,2021
လားရှိုးခရိုင်၊ မိုင်းရယ်မြို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာနနှင့် ဟိတဓရလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ မြို့မဈေးကြီးနှင့် ရပ်ကွက်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
Jun 28,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကရင် ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာနနှင့် ခိုင်မေတ္တာ ဆန်စက်လုပ်ငန်းရှင် တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးစပါး စိုက်ပျိုးသောတောင်သူများအား အကျိုးတူလယ်ယာ စနစ် ( Contract Farming ) ဆောင်ရွက်ခြင်း သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် စိုက်ပျိုးရေးစရိတ်ချေးငွေ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့က ဘားကပ်ကျေးရွာရှိ ဘားကပ်နည်းပညာ ပြန့်ပွားရေးစင်တာတွင် ပြုလုပ် ခဲ့သည်။