အမြို့မြို့အနယ်နယ်သတင်းများ

Jun 25,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ပညာရေး၊ ကျန်းမာရေးနှင့် တောင်သူများမှ စိုက်ပျိုးသော သီးနှံများ ဈေးကွက်သို့အချိန်မီပို့ဆောင်ရေး ကုန်ထုတ်လမ်းအဖြစ်အသုံးပြုနိုင်ရန်အတွက် မိုင်းနွဲ့ကျေးရွာနှင့် စကားတာ ကျေး ရွာချင်းဆက်လမ်း ကိုယ့်အားကိုယ်ကိုး ဖောက်လုပ်ခြင်းကို အလှူရှင်များ၏ ထည့်ဝင် ငွေများဖြင့် ယခုလ ၂၀ရက်က စတင်ဆောင်ရွက်ကြောင်းသိရသည်။
Jun 25,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်၊ ဒုတိယ(၃)လပတ် အတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ကြောင်းသိရှိရ သည်။
Jun 25,2021
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပြည်သူများ မူးယစ် ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနိုင်ရေးအတွက် ရည်ရွယ်လျက် Youth Club , Woman Club အဖွဲ့ဝင်များနှင့် စာရေးဆရာမောင်ကျေးဇူး ရေးသားထုတ်ဝေသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
Jun 25,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူများမူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ကြဉ်နိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက တနိုင်းမြို့မရဲစခန်းရှေ့ မိုင်းခွန်သွား လမ်းထောင့်၌ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
Jun 25,2021
၂၀၂၁ခု နှစ် ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
Jun 25,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် သံလွင်ဦးမြို့မဈေးတို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းကနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ရန်နောင်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဖြန့်ဝေခဲ့ကြသည်။
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေး စေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Jun 25,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၉)နာရီက ခရိုင်သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။