အမ်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၆၅၇)ဦးအား လူမှုရေးပင်စင်ထောက်ပံ့

အမ်း ဇွန် ၂၅

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ်၊ ဒုတိယ(၃)လပတ် အတွက် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ကြောင်းသိရှိရ သည်။

ထိုသို့ပေးအပ်ရာတွင် အမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၄)အုပ်စုမှ အသက် (၈၅)နှစ်အထက် ( ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်)လများအတွက် ဘိုးဘွားတစ်ဦးလျှင်(၃၀၀၀၀) နှုန်းဖြင့် ဘိုးဘွားစုစုပေါင်း(၆၅၇)ဦးအတွက် ထောက်ပံ့ငွေ(၁၉၇၁၀၀၀၀)ကျပ်အား ထောက်ပံ့ ပေးအပ်ရာ ယနေ့တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၂၄)အုပ်စုအတွက် မြို့နယ် လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်း ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကျန်ရှိသည့် ကျေးရွာအုပ်စု(၁၀) အုပ်စုအား(၂၉-၆-၂၀၂၁)ရက်နေ့တွင် ထောက်ပံ့ ပေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။

စိုးမင်းထွန်း