ဒေးဒရဲမြို့၌ ယာဉ်အန္တရာယ်ကင်းဝေးစေရန် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဒေးဒရဲ   ဇွန်   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေး စေရန် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများ၊ လမ်းဆုံလမ်းခွများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း   အသိပညာပေးစာစောင်များ    ဖြန့်ဝေရာတွင် ‌ဒေးဒရဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်ကျော်ဆန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆောင်ရန်၊ ရှောင်ရန်အချက်များကို အသိပညာပေး  ဟောပြောပြီး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း