Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဝါးခယ်မမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ပြည်သူများထံ ဖ…
Jun 25,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအ လွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အား မြို့နယ်အတွင်းရှိ ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကသွား ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်းဆောင်ရွက်
Jun 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီ က Book Club အသင်းဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jun 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က လေးမျက်နှာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့ မယ်ထော်သလေးကျေးရွာတွင် လက်တူးရေတွင်းပြီးစီး၍ သောက်သုံးရေအတွက် အဆင်ပြေ
Jun 25,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ မယ်ထော်သလေးကျေးရွာတွင် မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသည့် လက်တူးရေတွင်းပြီးစီးမှု အခြေအနေကို မြဝတီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးနေဝင်း၊ မြို့နယ်ဦးစီးမှူး ဦးငွေစိုးနှင့်တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jun 25,2021
ရန်ကုန်အနောက်ပိုင်ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက် သော အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဇွန်လ(၂၆) ရက် နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များထံသို့ သွားရောက ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့ ရွာသစ်ရပ်ကွက်နှင့် ဖိုးကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးအသစ် ဆောက်လုပ် ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Jun 25,2021
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ရွာသစ်ရပ်ကွက်နှင့်ဖိုးကိုကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အသစ် ဆောက်လုပ်ရန် အဆောက်အဉီး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါရုံးအဆောက်အဦးနေရာ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကျင်းပ
Jun 25,2021
၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ယနေ့နံနက်(၁၀) နာရီ က “မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေး Talk Show” ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26447
Page
26448
Page
26449
Page
26450
Current page
26451
Page
26452
Page
26453
Page
26454
Page
26455
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department