ကျောင်းကုန်း ဇူလိုင် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် နှာခေါင်းစည်း mask များကို ဗိုလ်ချုပ်ပန်းခြံအနီး မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဒေသခံပြည်သူများအားနှာခေါင်းစည်း mask များအခမဲ့ဖြန့်ဝေပေးခဲ့ ကြသည်။ ဆက်လက်၍ ကျောင်းကုန်း-အိမ်မဲလမ်းဆုံ မြစ်ကူးတံတားအောက်၌ ဒေသခံပြည်သူများအား နှာခေါင်းစည်း mask များ ဖြန့်ဝေပေးခဲ့ကြသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့သူ(၁၄၆)ဦးအထိ ရှိပြီး၊ဆေးရုံဆင်းခွင့်ရသူ(၄၅)ဦးရှိကာ ဆေးကုသမှုခံယူလျှက်ရှိသူ(၁၀၁)ဦး ရှိနေသဖြင့် ဆက်လက်ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်ချက်ဖြင့် ယခု လို နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းကြိုင်