ငရုတ်ကောင်းမြို့တွင်ကိုဗစ် - ၁၉ ရောဂါပိုးကူးစက်ခံရသူ ရောဂါ ပျောက်ကင်းသဖြင့်ဆေးရုံဆင်းခွင့်ရ

ငရုတ်ကောင်း ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူ၁၃ဦး ရှိကာပထမဦးဆုံး ပိုးတွေ့ လူနာကမ်းနားလမ်းနေ အမျိုးသမီးတစ်ဦးမှာ သေဆုံးပြီး၎င်းနှင့်ထိစပ် သူမိသားစုဝင် ပိုးတွေ့ လူနာကျား၂ဦး၊ မ၂ဦးတို့မှာ ဇူလိုင်၆ ရက်က ရောဂါပျောက်ကင်းသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

ပြီးနောက်ကမ်းနားလမ်းနေ ပိုးတွေ့လူနာကျား ၁ ဦး၊ မ၁ဦးနှင့် ငရုတ်ကောင်းတောင် ကျေးရွာမှ ပိုးတွေ့ လူနာကျား ၄ဦး၊ မ ၂ ဦးတို့မှာ ယနေ့နံနက်ပိုင်းက ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပျောက် ကင်းသဖြင့် ဆေးရုံမှဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။

ကိုဗစ်-၁၉ရောဂါဖြင့် ဆေးရုံဆင်းခွင့်ရရှိသူများကို မြို့ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေး ဦးစီးဌာနမှဝန်ထမ်းများက မိမိနေ အိမ်အတွင်း တစ်ပတ်တိတိနေထိုင်ရေး တို့ကိုမှာကြားခဲ့ကြောင်းသိရသည်။

ပြုံးမောင်မောင်