အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ အချိန်က ချောင်းဦးမြို့နယ် ကျောက်စစ်ကန် ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာတွင်း လမ်းများ လျှပ်စစ်မီးလင်း ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအား မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးစိုးမင်းလတ်နှင့် ဝန်ထမ်းများ ကွင်းဆင်း ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
Jul 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အာဇာနည်နေ့အကြောင်း သိကောင်းစရာ Talk Show ဆွေးနွေးခြင်းကို ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပခဲ့သည်။
Jul 17,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ Volunteer များအား အခြေခံစားသောက်ကုန်(၅)မျိုး ထောက်ပံ့ပေးအပ် ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 17,2021
ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချသွားရန် ညွှန်ကြားထားကြောင်း ယမန်နေ့တွင် မြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။
Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်း လတ်တလော ကူးစက်မှု မြင့်မားလာသည့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များသည် ဌာနမီးငြှိမ်းသတ်ယာဉ်ဖြင့် ဇူလိုင်လ(၁၆)ရက်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များ သို့သွားရောက်ကာ အသံချဲ့စက်ဖြင့် ပညာပေးနှိုး ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jul 17,2021
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ပိုးတွေ့ရှိခဲ့သည့် လူနာများနှင့် ထိတွေ့ ခဲ့သူများ ၊ ဖျားနာ ၊ ချောင်းဆိုး၊ အသက် ရှုကြပ်ပြီး မောင်တော ပြည်သူ့ ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား ဇူလိုင် ၁၆ ရက်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက် မှ (၁၀) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည် သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရ သည်။
Jul 17,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစောမင်းသိန်းအား ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဇူလိုင်လ ၁၄ ရက်နေ့ နေ့လယ် ၁ နာရီအချိန်ခန့်က တွေ့ဆုံမေးမြန်းခြင်းများ ပြုလုပ်ခဲ့သည်။