အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က သီတဂူမျက်စိ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးလိုသူ (၃၃)ဦးအား RDT Tast Kit ဖြင့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ (၂၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
Jul 17,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ် - ၁၉ရောဂါ ပိုးတွေ့လူနာများ ဆေးကုသပေးနေမှု အခြေအနေများအား ခရိုင်ပြည်သူ့ဆေးရုံတာဝန်ခံ သူနာပြုဆရာမကြီး ဒေါ်လှလှသီက ယခု လိုပြောပြခဲ့ ပါသည်။
Jul 17,2021
ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဒေသခံ တိုင်းရင်းသာပြည်သူများ နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် အသုံးပြုသွားလာကြစေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဆီဆိုင်မြို့၌ ယနေ့ နံနက် ၈ နာရီခန့်က ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေ ပေးခြင်းနှင့် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 17,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင် မိုးနဲမြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် ပြည်သူများ မြို့နယ်တွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ချနိုင်ရန်အတွက် ယနေ့နံနက် ၇နာရီ အချိန်တွင် မြို့မဈေးကြီး
Jul 17,2021
ဧရာဝတီတိုင်းဒသကြီး၊ လပွတ္တာခရိုင်၊ ၃မိုင်မြို့သစ်ခုတင် (၂၀၀)ပြည်သူ့ ဆေးရုံကြီးသို့ လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အိုးများကို ယနေ့ ညနေ ၅နာရီအချိန် အလှူရှင်များက လာရာက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jul 17,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့သို့ဆိုက်ရောက်ထွက်ခွာလျက်ရှိကြသော တိုင်းဒေသကြီး အတွင်း/ ပြင်ပ ခရီးသည်တင် ယာဉ်လိုင်းများအားလုံးကို ခရီးသည်တင်ပြေးဆွဲခြင်းအား ဇူလိုင်လ(၁၆)ရက် ည(၈)နာရီ အချိန်မှ ရပ်နား ထားကြရန် မြိတ်မြို့နယ်ပုဂ္ဂလိကယာဉ်များ ပြေးဆွဲရေးလုပ်ငန်း ထိန်းသိမ်း ကြီးကြပ်ရေးကော်မတီမှ ယာဉ်လိုင်းများအားလုံးကို အသိပေး အကြောင်း ကြားထားကြောင်း သိရသည်။