အမြို့မြို့အနယ်နယ်သတင်းများ

Jul 17,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က ကွန်ပျူတာတက္ကသိုလ် ကျောင်းဝန်း အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 17,2021
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) inactivated (တရုတ်)နိုင်ငံထုတ် ကာကွယ်ဆေးများ အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့် ကျန်းမာရေး၀န်ထမ်း များက (ဒုတိယ) အကြိမ် ပညာ‌ရေးဝန်ထမ်းများကို အ.ထ.က(၁)ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီက ထိုးနှံပေးကြောင်း သိရှိရသည်။
Jul 17,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ခဲ့သည့် အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ကုသဆောင်၌ ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေး ကောင်းမွန်သဖြင့် ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က ဆေးရုံမှဆင်း ခွင့်ပြုခဲ့ကြောင်း သိရသည်။
Jul 17,2021
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း များကို ပိုမိုထိရောက် အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ (၄/၂၀၂၁)ကြိမ် မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ Video Conferencing စနစ်ဖြင့်ကျင်းပသည်။
Jul 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့တွင် ခရီးသွားမည့်သူများ၊ ပိုးတွေ့သူနှင့်ထိတွေ့သူများ၊ ခရီးမှပြန်လာ သူများ၊ အသွားလာကန့်သတ်ထားသော သင်္ဘောသားများအား Rapid Diagnostic Antigen Test Kid( RDT ) စစ်ဆေးချက်အရ လူ(၂၂) ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိ ခဲ့ကြောင်း ခရိုင်ပြည်သူ့ ကျန်းမာရေးဌာနမှ ဇူလိုင်လ ၁၆ရက်နေ့ ညနေပိုင်းထုတ်ပြန်ချက်အရသိရသည်။
Jul 17,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မဖြစ်ပေါ် စေရေး အတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ်ဆောင် ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ထားဝယ်-မေတ္တာကားလမ်း အမှတ် (၁/၂)ရပ်ကွက်များတွင် ခရီးသွား ပြည်သူများ နှင့် နေအိမ်ပြင်ပ ထွက်ခွာသွားလာနေသူများအား ပါးစပ်၊ နှာခေါင်းစည်း(Mask) များ တပ်ဆင်ခြင်း ရှိ /မရှိ ရှောင်တခင်စစ်ဆေးခြင်း၊ အ​ရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
Jul 17,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့ ဇူလိုင်လ ၁၆ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၃၂ ဦးတွေ့ ရှိပြီး သေဆုံးသူ ၃ ဦး ရှိကြောင်းသိရသည်။
Jul 17,2021
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၁/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။