Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကာလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရှမ်း၊မြန်မာ (၂) ဘာသာဖြင့် အသိပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာ
Jul 25,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်စေရန်အတွက် ယနေ့ ညနေ ၄နာရီခန့်က လမ်းဆုံလမ်းခွများ၌ ရှမ်း၊ မြန်မာ (၂)ဘာသာဖြင့် အသိပညာပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့၌ ကိုဇစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံ
Jul 25,2021
မိုးမောက်မြိုနယ်၊ ကျန်းမာရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး SARA- COV-2 Vaccine (Vem Cell) ထိုးနှံခြင်းကို ယမန်နေ့နံနက် (၁၀) နာရီက ခေတ္တမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး မံစီမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းသန့်နှင့် မိုးမောက်မြို့နယ် ကျန်းမာရေးမှူး ဦးဆန်းနိုင်တို့၏ ကြီးကြပ်မှုဖြင့် ထိုးနှံပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြို့မိမြို့ဖများနှင့် စေတနာရှင်များ စုပေါင်း၍ အောက်ဆီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လွယ်ဂျယ်ပြည်သူ့ဆေးရုံသို့ လှူဒါန်း
Jul 25,2021
ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ရှိ ဌာနဆိုင်ရာများ မြို့မိမြို့ဖများ စုပေါင်း၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ငန်းမားတွင်အသုံးပြုရန် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ဖြစ်သည့် ၁၅ လီတာဆန့် အောက်ဆီဂျင်အိုး အလုံး(၃၀)နှင့် ၅ လီတာဆန့် အိမ်သုံး Oxygen Concentrator (၇)လုံး စုစုပေါင်းခန့်မှန်းတန်ဖိုး ကျပ်သိန်းတစ်ရာခန့်ကို ဇူလိုင်လ ၂၃ ရက်နေ့ ညနေ (၃)နာရီက လွယ်ဂျယ်မြို့ ပြည်သူ့ဆေးရုံသို့ လှူဒါန်းခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်း နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်၌ ကိုဗစ်-၁၉ရောဂါကာလအတွင်း စားသောက်ရေးအထောက်အကူဖြစ်စေရန် သြဂဲနစ်စိုက်ခင်းထွက် သဘာဝသီးနှံများထောက်ပံ့လှူဒါန်းပေး
Jul 25,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်(၁၉)ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်စည်ပင်သာယာရေးဌာနမှ အခြေခံသန့်ရှင်းရေးဝန်ထမ်းမိသားစုများ စားသောက်ရေး တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရှမ်းရှေ့နဂါးမင်းကုမ္ပဏီက စိုက်ပျိုးထုတ်လုပ် နေသည့် ခြံထွက်သြဂဲနစ် (Organic)သဘာဝသီးနှံများအား ယမန်နေ့က သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တောင်ကြီးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 25,2021
ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့ပေါ်ရှိ ပရိယတ္တိ စာသင်တိုက်ဘုန်းတော်ကြီးကျောင်းများအား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒန်းပေးကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြောက်ဦးမြို့၌ ယာယီပျံကျဈေးများ၌ Mask တပ်ဆင်ရောင်းချမှု ရှိ/မရှိ ရှောင်တစ်ခွင် ကွင်းဆင်းစစ်ဆေး
Jul 25,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသား/ငါးဈေးတန်းနှင့် ဟင်းသီး၊ဟင်းရွက်ယာယီပျံကျ ဈေးများ၌ လာရောက်ဈေးရောင်းချကြသူများနှင့် ဈေးဝယ်လာရောက်သူများကို ပါးစပ်နှင့်နှာခေါင်းစည်း Mask များတပ်ဆင်ရောင်းချမှု ရှိ/မရှိရှောင်တခွင်စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၇ နာရီက မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေဖြူမြို့နယ်အတွင်း အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက်ရွက်လျက်ရှိ
Jul 25,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဝေဒနာ ခံစားနေရသူများ၊ ဖျားနာနေသူများအတွက် လိုအပ်သည့် အောက်ဆီဂျင်များ အချိန်မရွေး ရရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ အောက်ဆီဂျင်ပြတ်လပ်မှု မရှိရေး ဆောင်ရွက် လျက်ရှိကြောင်း"အာယုဇီဝ "အောက်ဆီဂျင်အဖွဲ့ဥက္ကဋ္ဌဦးခင်မောင်မြင့်၏ပြောကြားချက် အရ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်အား ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း
Jul 25,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ခံဆရာဝန် ဒေါက်တာ အောင်ခင်ထွေးအား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့နံနက် (၁၀)နာရီက တွေ့ဆုံမေးမြန်းခြင်း များပြုလုပ်ခဲ့ကြ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
26320
Page
26321
Page
26322
Page
26323
Current page
26324
Page
26325
Page
26326
Page
26327
Page
26328
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department