Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရှမ်းရွာသစ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများပေးအပ်
Sep 10,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်နေပြည်သူများ လူမှုဘဝတိုးတက်စေရန် ရည်ရွယ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်း(၆၁)စုံကို ယနေ့ နံနက်ပိုင်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် တာဝန်ရှိသူများတို့က လိုက်လံပေးအပ်လျက်ရှိကြောင်း သိရှိရ သည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူ
Sep 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံတစ်ဝန်း စီမံချက်ချဆောင်ရွက်ပေးလျက်ရှိသည့် ပန်းခင်းစီမံချက်လှုံဆော်ရေးမြေစိုက်ပိုစတာကြီးအား ယမန်နေ့ နံနက်ပိုင်းက မြို့၏အသွားအလာများပြားရာ၊ ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး PPE ဝတ်စုံများလှူဒါန်း
Sep 10,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ် လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာအုပ်စု၊ အင်ရိုဘော့ကျေးရွာတွင် ကျောင်းခန်းမ ဆောင်သစ်ဆောက်လုပ်ခြင်း (၅၀) ရာခိုင်နှုန်းခန့်ပြီးစီး
Sep 10,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာအုပ်စု၊ အင်ရိုဘော့ကျေးရွာတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး၀န်ကြီးဌာန ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း)ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းခန်းမဆောင်သစ် ဆောက်လုပ်လျက်ရှိရာ စက်တင်ဘာ(၉)ရက်နေ့တွင် လုပ်ငန်း၏(၅၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ကြီးများလဲကျ လမ်းပိတ်ဆို့မှုမဖြစ်စေရေး အဖွဲ့ပေါင်းစုံမှ ရှင်းလင်းလျက်ရှိ
Sep 10,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ယမန်နေ့ ည၁၀နာရီခွဲ အချိန်မှ ၁၂နာရီအချိန်ခန့်ထိရွသွန်းသည့်မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ သစ်ပင် ကြီးများလဲကျပြီး ကားလမ်းပိတ်ဆို့မှုများဖြစ်လျှက်ရှိရာ ဖြတ်သန်းသွားလာသည့်ကား ၊ မော်တော်ဆိုင်ကယ် ၊သုံးဘီးယာဉ်များဖြတ်သန်းသွားလာနိုင်ရေး အဖွဲ့ပေါင်းစုံမှ စက်တင် ဘာ ၁၀ရက်၊ နံနက် ၅နာရီအချိန်မှ စတင်ကာ ရှင်းလင်းလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ် သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးဆောင်ရွက်နေမှု အခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကြည့်ရှုအားပေး
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မြို့သာယာလှပစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သန့်ရှင်းရေး လုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီ အချိန်ခန့်က အင်္ဂလားရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သုံးခွမြို့နယ် အမှတ်(၉)ရပ်ကွက်ရှိ "ကန်သာယာရေကန်ကြီး'' သန့်ရှင်းသာယာစေရေး စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Sep 10,2021
သုံးခွမြို့နယ်အတွင်းရှိပြည်သူများ သောက်သုံးရေအတွက် အားထားရသော ရေကန်တစ်ခု ဖြစ်သည့် အမှတ် (၉)ရပ်ကွက်( မြို့ပြင် )ရှိ ''ကန်သာယာရေကန်ကြီး'' သန့်ရှင်းသပ်ရပ်စေရေး ၊ စိမ်းလန်းစိုပြေနိုင်စေရေးနှင့် ရေကန်အနီးနေပြည်သူများ မိုးရာသီအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နွေရာသီတွင် သန့်ရှင်းကြည်လင် သောသောက်သုံးရေရရှိရန်အတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Sep 10,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ သံဃာတော်/သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက်အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများအား ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25785
Page
25786
Page
25787
Page
25788
Current page
25789
Page
25790
Page
25791
Page
25792
Page
25793
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department