အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည် ဝါသီးနှံတိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးပညာပေး ကွင်းဝန်ထမ်းများက ကျေးရွာအရောက် ကွင်ဆင်းပြီး ဝါသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးဆိုင်ရာ ဆောင်ရွက်ရမည့် နည်းစနစ်အထွက်တိုး ၁၀ ချက်ကို တောင်သူများအား ရှင်းလင်းဆွေနွေးပညာပေးခြင်းနှင့် ရွှေတောင် ၈ ဝါမျိုးသန့် မျိုးစေ့များကို ကျေးရွာ ဝါစိုက်တောင်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ဈေးကွက်၀င် အရည်အသွေးကောင်းမွန်သည့် ၀ဥမျိုးများတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးခက်ထိန်နန်၏ ၂၀၂၁-ခုနှစ် ဧပြီလအတွင်း ပူတာအိုခရိုင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည့်ခရီးစဉ်တွင် လမ်းညွန် မှာကြားခဲ့ပြီး ၀ဥစိုက်ပျိုးလိုသည့် တောင်သူများအား ပူတာအိုခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ၀ဥမျိုးများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
Sep 10,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် အင်တောမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန တို့၏ ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ မတ်လ(၃၁)ရက်နေ့အထိ (၆)လတာကာလအတွက် သားသတ်လုပ်ငန်းများအား အသားထုတ်လုပ် ရောင်းချခွင့်လက်မှတ်စနစ်ဖြင့် စီစစ်ချထားပေးခြင်းအခမ်းအနားကို မြို့နယ်စည်ပင်သာယာရေးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။
Sep 10,2021
ဟားခါးမြို့တွင် ယနေ့ စက်တင်ဘာလ ၉ ရက်၌  သံသယရှိသာ ၂၃ ဦး Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမရှိကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် ပိုးတွေ့လူနာများအနက် ၂၀ ဦး ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံးဆင်းခွင့်ပြုလိုက်ကြောင်း သိရသည်။         
Sep 10,2021
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သီဟိုကျွန်းကျေးရွာ နှင့် နွားရုံတောင် ကျေးရွာများရှိ ပြည်သူများအား ယမန်နေ့  နံနက် ၉ နာရီ အချိန်က  သတ်မှတ်စုရပ် နေရာ များတွင်  ကိုဗစ်-၁၉ ပိုး ရှိ/မရှိ Rapid Diagn ostic Test (RDT) ဖြင့် ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Sep 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၌  ၂၀၂၁ ခုနှစ် မိုးစပါး ရာသီတွင် (၄၈၈၀၀) ဧက စိုက်ပျိုးရန် လျာထား ခဲ့ရာ (၄၉၄၇၂) ဧက စိုက်ပျိုးပြီးစီး၍  လျာထားဧကထက်(၆၇၂) ဧက ကျော်လွန် စိုက်ပျိုးနိုင်၍ (၁၀၁.၃၈) ရာခိုင်နုန်း စိုက်ပျိုးနိုင်ခဲ့ကြောင်း တမူးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဆန်းဦး ထံမှသိရသည်။
Sep 10,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ အောက်ဆီဂျင်စက်ရုံတွင် အသုံးပြုရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ  ထောက်ပံ့ပေးသည့်ထရန်စဖော်မာတစ်လုံးနှင့် 11ကေဗွီလိုင်း ၁၀၀ ပေအား ထောက်ပံ့ပေးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းက မင်းလှမြို့သို့ ရောက်ရှိလာသဖြင့် မြို့နယ်ပြည်သူ့ ဆေးရုံဝန်းအတွင်းရှိ အောက်ဆီဂျင်စက်ရုံအဆောက်အအုံအနီးတွင် ထရန်စဖော်မာအား မြို့နယ်လျှပ်စစ်ရုံးမှ အင်ဂျင်နီယာနှင့်ဝန်ထမ်းများက တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။