အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်၁၄ရပ်ကွက် မိုးကောင်းဘုရားဝင်း အရိယာဓမ္မာရုံတွင် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းတိုက်များမှ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်၉ နာရီအချိန်မှစတင်၍ ထိုးနှံပေးလျက် ရှိသည်။
Sep 10,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စက်တင်ဘာ ၁၀ ရက်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို ရပ်ကွက်နှင့် ကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 10,2021
အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ကဲဝဲလ်မက်ဒီကယ်ကုမ္ပဏီလီမိတက်တို့ပူး ပေါင်းဆောင်ရွက်သော လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲကိုယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ (၈) ရပ်ကွက်၊ မကွေးလမ်း၊ အမှတ် (၁၄/၄၄) တွင်ကျင်း ပသည်။
Sep 10,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးထွန်း၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူးဦးစန်းထူး ဦးဆောင်သော ခရိုင်နှင့်မြို့နယ်ရုံး ဝန်ထမ်းများက "လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့" ပန်းခင်း စီမံချက်ဆောင်ရွက်မှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အတွက် ထုတ်ဝေသည့် အသိပညာပေး လက်ကမ်းများကို ယနေ့ နံနက် ၈ နာရီက သာယာဝတီမြို့မဈေး၊ သုံးဆယ်မြို့မစျေးတို့တွင် အခမဲ့ လိုက်လံ ဖြန့်ဝေပေးခဲ့သည်။
Sep 10,2021
ကယားပြည်နယ် ၊ လွိုင်ကော်ခရိုင် ၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ဓါတ်ခွဲအတည်ပြု လူနာများတွေ့ရှိမှု များပြားလာခြင်းကြောင့် မြို့နယ်တွင် နေထိုင်သည့်ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး(Stay At Home) အစီအစဉ်တွင် ဩဂုတ် ၂၅ ရက်နေ့မှစ၍ အကျုံးဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ကြေညာထားပြီဖြစ်သဖြင့် မြို့နယ်တွင်း နေထိုင်သူ ပြည်သူများစည်းကမ်းတကျ နေထိုင်သွားရန် ခရိုင်အဆင့် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ခရိုင်စစ်ဆေးကြီးကြပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀) နာရီတွင် ဆောင်ရွက်ခဲ့သည်။
Sep 10,2021
ဗန်းမော်ခရိုင် ဗန်းမော်မြို့နယ် လက်ပံတန်းကျေးရွာရှိ နေအိမ်များသည် ဧရာဝတီမြစ်ရေ ရေတိုက်စားမှုကြောင့်    ရေဘေးလွတ်ရာသို့   ယာယီပြောင်းရွှေ့   နေထိုင်နေရသည့် အိမ်ထောင်စု (၅)စုအား ယနေ့ နံနက်   ၁၀   နာရီက   ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနက  ထောက်ပံ့ငွေများ ဆက်လက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 10,2021
လွိုင်ကော်မြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများပိုမို သိရှိလိုက်နာနိုင်ရေး အသိပေးနှိုး ဆော်မှုများအား ရပ်ကွက်များ ၊ လမ်းဆုံလမ်းခွများနှင့် လူစည် ကားရာနေရာများတွင် အသံချဲ့စက်များ ၊ လက်ကိုင်စကားပြောအ သံချဲ့စက်ဖြင့် သတိပေးနှိုးဆော်မှုများကို လွိုင်ကော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည် ပင် သာယာရေးအဖွဲ့တို့က နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။
Sep 10,2021
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်အတွင်း ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး နှံမှုကို ယမန်နေ့ နံနက်(၉)နာရီမှ စတင်၍ မြို့နယ်ပြည်သူ့ဆေးရုံတွင် ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။