မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ  စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်

မြောက်ဦး  စက်တင်ဘာ ၁၂

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအတွင်း ဆေးရုံဘေး ပတ်ဝန်းကျင် နေရာသန့်ရှင်းသာယာလှပရေး၊ ရေနှတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး အတွက် မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းကာ  ယမန်နေ့ နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်ပြည်သူဆေးရုံကြီးအတွင်းအပြင်နေရာများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ထိုသို့ ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာနေရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးစိုးသက်ဦးဆောင်သော မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရုံးများမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြောက်ဦးမြို့နယ်အတွင်းရှိ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သားများနှင့် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များပေါင်းလျက် ခရိုင်ပြည်သူ့ဆေးရုံကြီးအတွင်း၌ စုပေါင်းသန့် ရှင်းရေးဆောင်ရွက်ရာ ဆေးရုံကြီးအတွင်းပေါက်ရောက်နေသော ခြုံနွယ်ပိတ်ပေါင်း များ၊ ပေါင်း မြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊  ဆေးရုံဘေးပတ်ဝန်းကျင်အနီအနားရှိ ပလက်စ် စတိတ်အိတ်ခွံများ၊ အမှိုက်သရိုက်များအား ကောက်ယူခြင်းနှင့် ခုတ်ထွင် ရှင်းလင်းပြီးသော အမှိုက် သရိုက် များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မော်တော်ယာဉ်ဖြင့် သယ်ယူစွန့်ပစ်ခြင်းများ အား အဆိုပါ မြို့နယ်အဆင့်ဌာနဆိုင်ရာ ပေါင်းစုံပါဝင်သောအဖွဲ့မှ စုပေါင်းကာ ခရိုင်ပြည်သူ့ ဆေးရုံ ကြီး သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)