အမြို့မြို့အနယ်နယ်သတင်းများ

Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ် နိုင်ရေး ကြီးကြပ်မှုကော်မတီ မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိဒေသခံပြည်သူများအား ကိုဗစ်- ၁၉ရော ဂါပိုးရှိ/ မရှိ ကွင်းဆင်းစစ်ဆေး ပေးလျက်ရှိရာ ယနေ့ မနက်(၉)နာရီက မိုင်းကွင်းစုရပ် တွင် ဆေးစစ်ဆေး မှုပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 13,2021
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ကောက်စိုက်စက်ဖြင့် မိုးစပါး စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ဖဲကတာကျေးရွာ တောင်သူဦးစိုးဝင်း၏ ဆင်းသုခ မိုးစပါးမျိုးစေ့ထုတ်( ၆ )ဧက စိုက်ခင်း၌ ကျင်းပသည်။
Sep 13,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ပြည်သူများ အမှန်တကယ်လိုအပ်သော အခြေခံစား သောက်ကုန်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေနံနက် ၉နာရီက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဒေသခံပြည်သူများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် လာရောက်ရောင်းချပေးနေကြောင်း သိရသည်။
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိကြသည့် လက်လုပ် လက်စား အခြေခံလူတန်းစား အိမ်ထောင်စုများအား ယမန်နေ့ ညနေပိုင်းက Stay Home 4U Project အဖွဲ့မှ စားနပ်ရိက္ခာများ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Sep 13,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ မြန်အောင်မြို့၌ ကိုဗစ်အတည်ပြုလူနာပိုးတွေ့ ရပ်ကွက် /ကျေးရွာများရှိ နေအိမ်၊ လမ်းများနှင့် Quarantine ထားရှိနေရာအား ယမန်နေ့က မြန်အောင်မြို့ မေတ္တာရှင်သွေးလှူအဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆိပ်ကြီးကျေးရွာ၌ အသိပညာ ပေးနှိုးဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 13,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်​ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အသိပေးနှိုးဆော်မှုများကို မြို့ပေါ် ရပ်ကွက်များအတွင်း အသိပေးနှိုးဆော် ဆောင်ရွက်သည်။
Sep 13,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရေတွင်းပြည့်ကျေးရွာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ရေတွင်းပြည့် ကျေးရွာအုပ်ချုပ်ရေးမှူးဦးဇော်ဝင်းနှင့် ကျေးရွာလူမှုရေး အသင်းအဖွဲ့ဝင် များပူးပေါင်း၍ ယနေ့နံနက်(၉)နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာ ဆောင်ရွက် ရမည့်အချက်များ ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ကျေးရွာအတွင်း လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။