Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေးအဖွဲ့မှ လွိုင်ကော်မြို့အတွင်းရှိ ဆေးဆိုင်များအား သွားရောက်ကြည့်ရှုစစ်ဆေး
Sep 13,2021
လွိုင်ကော်မြို့အတွင်း ရောင်းချနေသည့် ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ဈေးကွက်အတွင်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ကယားပြည်နယ် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးကြပ်မတ်ရေး အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် အလုပ်ရုံ/ စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ…
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကို တားဆီးနိုင်စေ ရန်နှင့် ရောဂါကြောင့် သေဆုံးမှုကို လျှော့ချနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် အသက် (၆၅)နှစ်နှင့်အထက် အဘိုးအဘွားများနှင့် အလုပ်ရုံ/ စျေးဝယ်စင်တာများမှ ဝန်ထမ်းများအား Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တာမွေမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့တွင် နှစ်နေရာ ခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့တွင် ဘာသာရေးအသင်းအဖွဲ့များ၊ သက်ကြီးဘိုးဘွားများနှင့် လူမှုအဖွဲ့စည်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ်ဆက်လက်ထိုးနှံပေး
Sep 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြိုတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ထေကြီးဝါကြီး ဆရာတော်သံဃာတော်များ၊ သီလရှင်များ၊ ခရစ္စယာန်အသင်းတော်များမှ သင်းအုပ်ဆရာ၊ ဆရာမများနှင့် အခြားသော ဘာသာရေးခေါင်းဆောင်များ၊ အသက်(၆၅)နှစ်နှင့် အထက်သက်ကြီး ဘိုးဘွားများ၊ ဝန်ထမ်းမိသားစုများ၊ ဘဏ်ဝန်ထမ်းများ၊ ဈေးသူဈေးသားများ၊ လူမှုကူညီရေးအသင်းများ (Volunteer)နှင့် ပုဂ္ဂလိက စက်ရုံအလုပ်ရုံများမှ ဝန်ထမ်းများကို ယနေ့ နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ သတ်မှတ်စုရပ်နေရာများ၌ ကာကွယ်ဆေးများ ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေပြည်သာမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Sep 13,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ သာသနာ့ဗိမာန်တော်ကြီးတွင် ယနေ့ နံနက် ၉ နာရီမှစတင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့နယ်အတွင်း သံဃာတော်များ အား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ အခမဲ့ စစ်ဆေးပေး
Sep 13,2021
ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင်း သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ (RDT)Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့က ခြေတော်ရာဘုန်းတော်ကြီး ကျောင်း၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနဝန်ထမ်းများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဆရာဝန်များနှင့် လူမှုရေးအသင်းအဖွဲ့များက သွားရောက် စစ်ဆေး ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကောင်းမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသထား
Sep 13,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြန်မာနိုင်ငံလူကုန် ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ကို မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးဘေးရှိ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့ နံနက် ၁၀နာရီတွင် ပြသထားလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်တွင်းကြီးမြို့နယ်တွင် ရွေ့လျားယာဉ်ဖြင့် ကျေးရွာများသို့ကွင်းဆင်း၍ ကိုဗစ်-၁၉ရောဂါ စစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်
Sep 13,2021
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းအဖွဲ့က ရွေ့လျားယာဉ်ဖြင့် အခမဲ့ ကိုဗစ်-၁၉ရောဂါစစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တောင်တွင်းကြီးမြို့နယ် အတွင်းရှိကျေးရွာများမှ ဒေသခံ ကျေးလက် နေပြည်သူများ ကိုဗစ်-၁၉ရောဂါကင်းဝေးစေရေး RDT ( Test Kits ) ဖြင့် ရောဂါရှာဖွေ စစ်ဆေးခြင်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြင်းခြံမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သည့် ကျေးရွာ(၅)ရွာအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 13,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် ပါဝင်သွားသည့် ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာ(၃)ရွာအား မြေယာလျော်ကြေးငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီ အချိန်က မြင်းခြံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25632
Page
25633
Page
25634
Page
25635
Current page
25636
Page
25637
Page
25638
Page
25639
Page
25640
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department